Galaxy Wearable လုံခြုံရေး ကြေညာချက် နောက်ဆုံး အပ်ဒိတ်လုပ်ချိန်- 2021 ခုနှစ်၊ ဧပြီလ 1 ရက် Samsung Electronics Co., Ltd., တွင် ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် လုံခြုံရေးမှာ မည်မျှအရေးကြီးသည်ကို ကျွန်ုပ်တို့ သိနားလည်ပါသည်။ သင့်ကိုယ်ရေးသီးသန့် အချက်အလက်များကို ကျွန်ုပ်တို့က မည်သို့ စုဆောင်းအသုံးပြုသည်ကို သင်သေချာသိရှိစေရန် လုံခြုံရေး ကြေညာချက်ကို ဖန်တီးထားပါသည်။ https://account.samsung.com/membership/terms/privacypolicy တွင် ဖတ်ရှုနိုင်သည့် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒမှာ သင်၏ Galaxy Wearable ကို အသုံးပြုမှုနှင့်လည်း သက်ဆိုင်ပါမည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု မူဝါဒတွင် သင့် ​ဒေတာ များကို ကျွန်ုပ်တို့မည်သို့အသုံးပြုသည်ကို ပိုမိုပါဝင်သည်။ ကျွန်ုပ်တို့ထံ မည်ကဲ့သို့ ဆက်သွယ်ရမည်ဆိုသည့် အချက်အလက်များလည်း ပါဝင်ပါသည်။ ဤလုံခြုံရေး ကြေညာချက်ကို ထပ်ဆောင်းကာ ကျွန်ုပ်တို့ လုံခြုံရေးမူဝါဒကို ဖတ်ရှုပေးပါ။ သို့ရာတွင် ဤသီးသန့်ဖြစ်မှု ကြေညာချက်သည် လုံခြုံရေးမူဝါဒအပေါ် အချိန်တိုင်းလွှမ်းမိုးမှုရှိမည်ဖြစ်သည်။ မည်သည့်အချက်အလက်များကို ကျွန်ုပ်တို့ စုစည်းပါသလဲ။ သင့် Galaxy Wearable မှတဆင့် သင့်အကြောင်း အချက်အလက်များကို နည်းလမ်းမျိုးစုံဖြင့် စုဆောင်း ထိန်းသိမ်းထားသည်။ သင် တိုက်ရိုက်ပေးသော သတင်းအချက်အလက် • သင်၏ Galaxy Wearable ကိရိယာရှိ Samsung account ကို ဝင်ရောက်သောအခါ သင်၏ Samsung account ID ကဲ့သို့ Samsung account အချက်အလက်။ သင့် Galaxy Wearable ကို သင်၏ အသုံးပြုမှု အချက်အလက် • ကိရိယာ အမျိုးအစား၊ ကိရိယာ မော်ဒယ်၊ OS အမျိုးအစားနှင့် ဗားရှင်း၊ ကိရိယာ ခွဲခြားဖော်ပြမှုများနှင့် အခြား အထူးသီးသန့် ခွဲခြားဖော်ပြမှုများ၊ မိုဘိုင်း ကွန်ယက် ဝန်ဆောင်မှုပေးသူများ၊ ကိရိယာ သီးသန့်စီစဉ်ထားရှိမှုများနှင့် သတ်မှတ်ချက်များကဲ့သို့ သင့်စက်များဆိုင်ရာ အချက်အလက်များ၊ • GPS၊ ဘလူးတုသ်နှင့် WiFi အချက်ပြများမှတဆင့် သင့်တည်နေရာဆိုင်ရာ အချက်အလက်များ။ သင်၏ Galaxy Wearable ဆိုင်ရာ လုပ်ဆောင်ချက် အချို့သည် သင့်ကိရိယာများ၏ တိကျသော ပထဝီဝင်တည်နေရာကို စုဆောင်းရန် လိုအပ်ပါသည်၊ သို့သော် အဆိုပါ ဖြစ်ရပ်များတွင် ကျွန်ုပ်တို့က ပထဝီဝင်တည်နေရာကို သင့်ခွင့်ပြုချက်ဖြင့်သာ စုဆောင်းပါမည်။ သင့်ကိရိယာသည် Galaxy Wearable လုပ်ဆောင်ချက်က သင်၏ တည်နေရာ အတိအကျကို စုဆောင်းရန် လိုအပ်ချိန်တွင် သင့်ကို အကြောင်းကြားပါမည်။ Galaxy Wearable အား သင်၏ တည်နေရာ အတိအကျကို စုဆောင်းရန် သင်ခွင့်မပြုပါက Galaxy Wearable ၏ လုပ်ဆောင်ချက်အားလုံးကို သင်အသုံးမပြုနိုင်ခြင်း ရှိနိုင်သည်ကို သိထားပေးပါ၊ • ရီမုတ် ချိတ်ဆက်မှု လုပ်ဆောင်ချက် (သင်၏ Galaxy Wearable က သင့်ဖုန်းမှ မက်ဆေ့ခ်ျများကို လက်ခံနိုင်စေရန် သင့်မိုဘိုင်း ကိရိယာကို သင်၏ Galaxy Wearable ကိရိယာသို့ Wi-Fi သို့မဟုတ် မိုဘိုင်း ဒေတာနှင့် ချိတ်ဆက်ခြင်း) ကို အသုံးပြုသောအခါ၊ အသိပေးချက်များနှင့် လက်ခံရရှိသည့် မက်ဆေ့ခ်ျများနှင့် အီးမေးလ်များ၏ ပါဝင်သည့်အရာ (မက်ဆေ့ခ်ျများနှင့် မီဒီယာဖိုင်များ၏ ပါဝင်သည့်အရာများ အပါအဝင်) ကဲ့သို့ သင့်စက်တွင် ထည့်သွင်းထားသည့် အက်ပ်များ၏ အချက်အလက်၊ နှင့် • အရံသိမ်းပြီး နဂိုအတိုင်း ပြန်ထားပါ လုပ်ဆောင်ချက်ကို အသုံးပြုပါက၊ ဆော့ဖ်ဝဲဗားရှင်း၊ အရောင်းကုဒ်၊ ထည့်သွင်းထားပြီး မကြာသေးမီက အသုံးပြုသည့် အက်ပ်များ၏ စာရင်း၊ ထည့်သွင်းထားသော အက်ပ်များ၏ ဒေတာနှင့် သတ်မှတ်ချက်များ၊ နာရီ မျက်နှာပြင်၊ အက်ပ်များနှင့် ဝစ်ဂျစ်များ အပါအဝင် ပင်မ ဖန်သားပြင် သတ်မှတ်ချက်များ၊ အသိပေးချက် သတ်မှတ်ချက်များ၊ ပြသချက်၊ အသံများနှင့် တုန်ခါမှု အပါအဝင် စနစ် သတ်မှတ်ချက်များ။ • သင်၏ Galaxy Wearable အချိန်နှင့်ကာလ၊ သင်က ထည့်သွင်းထားသည့် အက်ပ်များနှင့် အက်ပ်များကို သင်က ဖွင့် သို့မဟုတ် ပိတ်သည့် ကြာချိန်နှင့်အချိန် ကဲ့သို့ ချွတ်ယွင်းမှု ရှာဖွေဒေတာ၊ ချွတ်ယွင်းမှုဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ အမှားနှင့် အသုံးပြုမှု အချက်အလက်တို့ကို ပေးပို့ရန် သင်သဘောတူပါက။ သင်၊ သင်၏ Galaxy Wearable နှင့် အက်ပ်များ၊ Galaxy Wearable နှင့် ချိတ်ဆက်ထားသည့် သင့်စက်များနှင့် စုဆောင်းချိန်တွင် သင့်ကို ကျွန်ုပ်တို့ ဖော်ပြသည့် နည်းလမ်းများဖြင့် သင်၏ Galaxy Wearable ကို အသုံးပြုမှုဆိုင်ရာ အခြား အချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းနိုင်ပြီး လိုအပ်သည့်အခါတိုင်း သင်၏ သဘောတူညီချက်ကို ရယူပါမည်။ သင့်အချက်အလက်အား ကျွန်တော်တို့မှ မည်သို့အသုံးပြုသနည်း။ • သင့် Galaxy Wearable အသုံးပြုရန် မှတ်ပုံတင် စာရင်းသွင်းခြင်းကို ကူညီရန်။ • သင်တောင်းဆိုသည့် ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များပေးအပ်ရန်။ • သင်၏ Galaxy Wearable နှင့် ပတ်သက်သော နည်းပညာ အကူအညီကို သင်တောင်းဆိုချိန်တွင် အကူအညီပေးခြင်း အပါအဝင် သင့်တောင်းဆိုမှုများနှင့် မေးခွန်းများကို ဖြေဆိုရန်နှင့် သင်၏ Galaxy Wearable နှင့် ပတ်သက်၍ သင်နှင့် ဆက်သွယ်ပြောဆိုရန်။ • ရွေးချယ်ထားသော Samsung သို့မဟုတ် ပြင်ပအဖွဲ့အစည်း အက်ပ်များ၊ လုပ်ဆောင်ချက်များနှင့် ဝန်ဆောင်မှုများကို သင်တုံ့ပြန်ဆက်သွယ်နိုင်စေရန်။ ဥပမာ၊ သင့်အက်ပ်များနှင့် သတ်မှတ်ချက်များဆိုင်ရာ အချက်အလက်များကို Samsung Cloud တွင် အရန်ထားနိုင်သည် သို့မဟုတ် သင်၏ Galaxy Wearable တွင် Samsung Health ကို အသုံးပြုနိုင်သည်။ • သင်၏ Galaxy Wearable နှင့် ဆက်စပ်သော စိတ်ကြိုက် အကြောင်းအရာနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်။ • သင့်အနေဖြင့် ကျွန်ုပ်တို့ထံ သီးခြားသဘောတူခွင့်ပြုချက် ပေးထားသည့်အခါမှသာ တိုက်ရိုက် မားကတ်တင်း ဆက်သွယ်ရေးများ (ပေးပို့ အသိပေးချက်များ၊ အီးမေးလ်များနှင့် စာတို မက်ဆေ့ခ်ျများမှတဆင့် ကဲ့သို့) မှတဆင့် ပရိုမိုးရှင်းများနှင့် ကမ်းလှမ်းချက်များကို ပေးရန်။ • Galaxy Wearable နှင့် ကျွန်ုပ်တို့ စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်ရန်၊ အကဲဖြတ်ရန်နှင့် တိုးတက်စေရန် (ထုတ်ကုန်နှင့်ဝန်ဆောင်မှုအသစ်များ ထုတ်လုပ်ခြင်း၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများကို တိုးတက်စေခြင်းနှင့်တိုးမြှင့်စေခြင်း၊ ကျွန်ုပ်တို့၏ ဆက်သွယ်ရေးများကို စီမံခြင်း၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ဖောက်သည် အခြေပြုအား စီစစ်ခြင်း၊ ဈေးကွက် သုတေသန လုပ်ဆောင်ခြင်း၊ ဒေတာစီစစ်မှု လုပ်ဆောင်ခြင်း၊ နှင့် စာရင်းဇယား၊ စာရင်းစစ်နှင့် အခြားလုပ်ငန်းတွင်းလုပ်ဆောင်ချက်များ လုပ်ဆောင်ခြင်းအပါအဝင်)၊ • ကျွန်ုပ်တို့ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအကြောင်း သင့်ထင်မြင်ချက်ကို မေးမြန်းရန်၊ ဖောက်သည်များ စစ်တမ်းကောက်ယူရန်နှင့် လိုအပ်ပါက သင့်သီးခြား သဘောတူညီချက်ဖြင့်ဖြစ်သည်။ • သင့် Galaxy Wearableအတွက် ဆော့ဝဲလ် အပ်ဒိတ်များ၊ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုများနှင့် ထောက်ပံ့မှုများကို ပေးအပ်ရန်။ • လိမ်လည်မှုများနှင့် အခြားဥပဒေချိုးဖောက်မှုများ၊ နစ်နာချက်များနှင့် အခြားပေးဆပ်ရန် တာဝန်များကို ကာကွယ်ရန်၊ ဖော်ထုတ်ရန်နှင့် ကာကွယ်တားဆီးရန် • ကိုယ်ရေးလုံခြုံမှု ကြေညာချက်နှင့် ကိုယ်ရေးလုံခြုံမှု မူဝါဒအပါအဝင် သက်ဆိုင်ရာ ဥပဒေ လိုအပ်ချက်များ၊ သက်ဆိုင်ရာလုပ်ငန်း စံသတ်မှတ်ချက်များနှင့် ကျွန်ုပ်တို့၏ မူဝါဒများနှင့်အညီဖြစ်ရန်နှင့် အကျိုးသက်ရောက်စေရန်ဖြစ်သည်။ သင်၏ Galaxy Wearable သည် အခြား Samsung သို့မဟုတ် ပြင်ပအဖွဲ့အစည်း အက်ပ်များ၊ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များကို ချိတ်ဆက်နိုင်စွမ်းကို ပေးအပ်နိုင်ပါသည်။ ဥပမာ၊ သင်၏ Galaxy Wearable စက်တွင် Samsung Health သို့မဟုတ် Bixby Voice ကို အသုံးပြုနိုင်ပါမည်။ ဤကဲ့သို့ Samsung နှင့် ပြင်ပအဖွဲ့အစည်း အက်ပ်များ၊ ဝန်ဆောင်မှုများနှင့် လုပ်ဆောင်ချက်များတွင် ၎င်းတို့၏ ကိုယ်ပိုင် သီးသန့်လုပ်ခြင်း ကြေညာချက် ရှိနိုင်ပါသည်။ ဤဝန်ဆောင်မှုများက သင့်အချက်အလက်ကို စီစဉ်လုပ်ဆောင်ပုံကို သင်နားလည်ကြောင်း သေချာစေရန် ပြန်လည်သုံးသပ်ပေးပါ။ အခြားချိတ်ဆက်ထားသည့် သို့မဟုတ် ပြသထားသည့် အက်ပ်၊ ဝန်ဆောင်မှု သို့မဟုတ် အခြားသောလုပ်ဆောင်ချက်တစ်ခုခုအား ကျွန်ုပ်တို့မှ ပိုင်ဆိုင်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်း မဟုတ်သည့်အတိုင်းအတာအထိ၊ ကျွန်ုပ်တို့အနေဖြင့် ယင်း ပါဝင်သည့်အရာ၊ အသုံးပြုမှု သို့မဟုတ် လုံခြုံရေး လက်တွေ့အသုံးချမှုများအတွက် တာဝန်ရှိမည်မဟုတ်ပါ။ သင်၏ သတင်းအချက်အလက်များကို ကျွန်ုပ်တို့ မည်သူထံ ဝေမျှပါသလဲ။ သင့်အချက်အလက်များကို အထက်ဖော်ပြပါ ရည်ရွယ်ချက်များအတွက်သာ ကျွန်ုပ်တို့၏ လုပ်ငန်းအတွင်းနှင့် အောက်ပါ လူပုဂ္ဂိုလ်များထံသို့ မျှဝေသွားပါမည်။ * ပူးပေါင်းအဖွဲ့များ- ကျွန်ုပ်တို့ ထိန်းချုပ်သော သို့မဟုတ် ပိုင်ဆိုင်သော အခြား Samsung Electronics အုပ်စု၊ * ဝန်ဆောင်မှု ပေးသူများ- ကျွန်ုပ်တို့ကိုယ်စား ဒေတာ ထိန်းသိမ်းပေးသည့် ဒေတာ ဆာဗာများ ကဲ့သို့ ကျွန်ုပ်တို့အတွက် သို့မဟုတ် ကိုယ်စား ဝန်ဆောင်မှုပေးနေသည့် သေချာ ရွေးချယ်ထားသော ကုမ္ပဏီများ။ ဤဝန်ဆောင်မှုပေးသူများကလည်း သင့်အချက်အလက်ကို ကာကွယ်ပေးရန် ကတိကဝတ်ပြုထားပါသည်၊ * သင်၏ Galaxy Wearable ကို ကာကွယ်ရန် ဥပဒေအရ လိုအပ်သည့်အခါ သို့မဟုတ် လိုအပ်သလို အခြားလူများထံ- ဥပမာ၊ သင့်အချက်အလက်ကို ထုတ်ဖော်ရန် ဥပဒေ၊ တရားရေးရာ လုပ်ငန်းစဉ် သို့မဟုတ် တရားရုံးအမိန့်အရ ၎င်းကို လိုအပ်နိုင်ပါသည်။ ပြဋ္ဌာန်းဥပဒေ၊ နိုင်ငံတော် လုံခြုံရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး သို့မဟုတ် အများပြည်သူလုံခြုံရေးနှင့် ပတ်သက်သော အခြားအရေးကိစ္စများအတွက် ၎င်းတို့သည် ကျွန်ုပ်တို့ထံမှ သင့်အချက်အလက်များကိုလည်း တောင်းခံကောင်း တောင်းခံနိုင်ပါသည်၊ * ကော်ပိုရေးရှင်းပိုင်ပစ္စည်း ရောင်းချခြင်းနှင့် ဆက်စပ်သော အခြားအဖွဲ့များ - ကုမ္ပဏီချင်း ပေါင်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊ ကုမ္ပဏီ ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်း သို့မဟုတ် ဒေဝါလီခံရခြင်း ဖြစ်ခဲ့လျှင် ကျွန်ုပ်တို့သည် သင့်အချက်အလက်အား ပြင်ပအဖွဲ့အစည်းထံ ထုတ်ဖော်ဖွင့်ဟရနိုင်သည်၊ ထို့အပြင်၊ * သင်၏ သဘောတူခွင့်ပြုချက် သို့မဟုတ် သင့်လမ်းညွှန်ချက်အရ ပါဝင်သော အခြားအဖွဲ့များ ကိုယ်ရေးလုံခြုံမှု ကြေညာချက်တွင် ဖော်ပြထားခဲ့သော ထုတ်ဖေါ်ပြောကြားမှုများအား ဖြည့်စွက်အနေဖြင့် သင့်ဘက်မှ သီးခြား သဘောတူညီချက် ပေးသောအခါ သို့မဟုတ် ထိုသို့ဝေမျှရန် တောင်းဆိုသောအခါ သင့်အချက်အလက်အကြောင်းများအား အခြား ပြင်ပအဖွဲ့အစည်းများသို့ မျှဝေနိုင်ပါသည်။ ဤကိုယ်ရေးလုံခြုံမှု ကြေညာချက်တွင် ပြောင်းလဲမှုများဤသီးသန့်ဖြစ်မှု ကြေညာချက် သည် ကျွန်ုပ်တို့မှ သင့်အချက်အလက်များကို စုစည်းဆောင်ရွက်ရာတွင် Galaxy Wearable တွင် ပြောင်းလဲမှုများကို မည်သို့ပြုလုပ်သည် သို့မဟုတ် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းပြောင်းလဲမှုများကို အသိပေးရန် အပ်ဒိတ်လုပ်ခြင်းဖြစ်သည်။ ဤစာတမ်းကို နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့သည့် နေ့ရက် ကို လုံခြုံရေး ကြေညာချက် ထိပ်ဆုံးတွင်ဖော်ပြထားသည်။ Version:P01.03.00